တော်လှန်သူတွေကို ငါနားလည်လာတယ်
We are Supporters !!! !!!
We must click to support!
We must click to support!
တော်လှန်သူတွေကို ငါနားလည်လာတယ်
လက်တစ်ဖက်ဖြတ်ပေးလိုက်တဲ့အခါ
လက်တစ်ဖက် ပြန်ထွက်လာတယ်
အဲဒါ မိစ္ဆာတေး မဟုတ်ဘူး
သစ္စာတေး ကွ သစ္စာတေး
အံကြိတ်ပြီး ဆိုနေရတဲ့တေး။
ခေါင်းကို တေ့ပစ်လိုက်တယ်
ပြီးတော့ သူတို့ ခွေးသေကောင်လို
ဆွဲတင်သွားတယ်
ရူးလောက်အောင်
မမေ့ဘူး
မမေ့ဘူး......။
ရွာက စစ်ပြေး
ခေါင်းလောင်းကြီးကို မြင်တော့
လက်ယက်ကုန်းက
ကလေးတွေအသံ
နားထဲကြားလာတယ်
ကလေးတွေရုပ်
မျက်စိထဲ မြင်လာတယ်
ပြီးတော့
ငါပါးရောပြီးမျက်ရည်ကျလာတယ်။
နောက်ဆုံးတော့
တစ်ခုပဲတွေးတယ်
ရက်စက်ခြင်းကို စနက်တံဖြုတ်ပြီး
သူသေကိုယ်သေဝင်လုံးလိုက်တယ်
အရေးအောင်တဲ့အထိ
ငါ့ဘဝကို ပြန်ဝင်စားမယ်
သာဓု မခေါ်ဘူး။
ပျော်ပျော်ပါးပါး
လေချွန်ပြီးထွက်လာ......။
ခန့်သော်မောင်(CDM Teacher)
Special thanks to clicker Ni Ni Phoenix for sharing this.
Clickers များ အောင်မြင်ပါပီ..ဗျာ...
????ကော့မှူး တွံတေး ကွမ်းခြံကုန်း ဒလ မှ အလေးပြုပါတယ်ခင်ဗျာ????
????????Thanks For Clicking????????
????????????အရေးတော်ပုံအောင်ရမည်????????????
Feb 1 - Never Forget, Never Forgive.
Was
ReplyDeleteအောင်ပွဲမရမချင်း သွေးမအေးကြေး ✊
ReplyDeleteTill the end
Fighting together 💪