Happy 77th Birthday Our Leader

.:: ! KawHmu , TwanTay , KwanChanKone ! ::.


We are Supporters !!! !!!
We must click to support!



Happy 77th Birthday Our Leader

-------------------------------------------------



ဒီအဖွဲမှာ

လက်နက်နဲ့အာဏာမရှိဘူး

လက်နက်နဲ့အာဏာ

လိုချင်သူတွေအတွက်လဲ

ဒီအဖွဲထဲ နေရာမရှိဘူး



ကိုယ်ကျိုးကို

ကျေကျေနပ်နပ်စွန့်ပြီး

ဒီတိုင်းပြည်ကို သစ္စာရှိတဲ့အဖွဲ



အာဏာရှိ အစိုးရဖြစ်နေတဲ့

ကာလမှာ ကိုယ်‌‌အား‌ပေးတဲ့

အဖွဲကို ထောက်ခံရတာထက်



အခုလို ဖိနှိပ်ခံကာလမှာ

ကိုယ့်အဖွဲဘက်က

ရပ်တည်ရတာ ပိုပြီးဂုဏ်ယူတယ်



San Zuren 🌸



Clickers များ အောင်မြင်ပါပီ..ဗျာ...

🍁ကော့မှူး တွံတေးမှ ကွမ်းခြံကုန်း မှ အလေးနီပြုပါတရ်ခင်ဗျာ🍁

🍁🍁Thanks For Clicking🍁🍁

🍁🍁🍁အရေးတော်ပုံအောင်ရမည်🍁🍁🍁


Feb 1 - Never Forget, Never Forgive.

Fu*k Military Coup.

Comments

  1. ဒီနေ့တော့ ရင်ထဲဟာတာ"ကြီးနဲ့ ဂုဏ်ပြုသီချင်းတွေကြား မျက်ရည်ပဲကျနေမိတယ်😢

    ReplyDelete
  2. တစ်ခါလွမ်းလို့
    တစ်ပွင့်ပွင့်မယ်ဆိုရင်
    တစ်လောကလုံး
    ပန်းတွေနဲ့ဖုံးသွားလိမ့်မယ် ။

    ငါလွမ်းတာ
    လောကကြီးလောက် ။

    ငါချစ်တာ
    ကမ္ဘာကြီးလောက် ။

    ငါမြတ်နိုးတာ
    စင်္ကြာဝဠာကြီးလောက် ။

    ဘာကြောင့် ...
    လွမ်းတာလဲ ။

    ဘာကြောင့် ...
    ချစ်တာလဲ ။

    ဘာကြောင့် ...
    မြတ်နိုးတာလဲ ။

    လာကြ ...
    ငါပြောပြချင်တယ် ။

    သမီးတစ်ယောက်အနေနဲ့
    အဖေကိုလည်း
    ပေးဆပ်ပြီးပြီတဲ့ ။

    ဇနီးတစ်ယောက်အနေနဲ့
    ခင်ပွန်းကိုလည်း
    စွန့်လွှတ်ပြီးပြီတဲ့ ...။

    အမေတစ်ယောက်အနေနဲ့
    သားနှစ်ယောက်ကိုလည်း
    ခွဲခွါပြီးပြီတဲ့ ...။

    မိန်မသားတစ်ယောက်အနေနဲ့
    လွတ်လပ်မှု့တွေကိုလည်း
    စွန့်လွှတ်ပြီးပြီတဲ့ ...။

    ကိုင်း ...
    နောက်ထပ်ဘာတွေများ
    ပေးဆပ်
    စွန့်လွှတ်
    ခွဲခွါနေရဦးမှာလဲ ။

    ထို့ကြောင့် ...
    အမေဟုခေါ်သည် ။

    အမေ ။

    အမေတစ်ယောက်လိုလည်းချစ်တယ် ။

    ခေါင်းဆောင်ကောင်းတစ်ယောက်လိုလည်း
    တန်ဖိုးထားတယ် ။

    သခင်တစ်ယောက်လိုလည်းမြတ်နိုးတယ် ။

    ဒါကြောင့် ...
    လွမ်းတယ်
    ချစ်တယ်
    မြတ်နိုးတယ်
    တန်ဖိုးထားတယ် ။

    မေမေ
    နေကောင်းနေရဲ့လားမေမေ

    မောင်စိန်ဝင်း(ပုတီးကုန်း)

    ReplyDelete
  3. WHEEL..............DOPE.🏹🏹🏹

    ReplyDelete
  4. We will surely get to our destination if we join hands.

    -Aung San Suu Kyi

    ReplyDelete
    Replies
    1. သူမ ပေးဆပ်ခဲ့တာတွေက အတိုင်းထက်အလွန်ပဲမို့
      ကျန်းမာနေပေးပါ....
      ကျန်တာ ပြည်သူတွေရဲ့ တာ၀န်ပါ
      အားလုံးလွတ်မြောက်ဖို့ ကြိုးစားကြစို့ !!

      Delete
  5. ဓားရဲ့တရားဆိုတာ
    ဝင့်ရုံနဲ့ မရ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်
    တော်လှန်ရေးပဲတွေးနေရုံနဲ့ မရ၊
    သွေးအတိုင်း ရဲတက်လာမှ ရမယ်
    မတွေဝေနဲ့တော့
    တော်လှန်ရေးရဲ့စနက်တံဟာ
    ခင်ဗျား မဟုတ်ရင် ကျနော်ပဲ ။

    -ကေဇဝင်း

    ReplyDelete
  6. Happy 77th Birthday Our Leader Mother Su ❤

    အ​မေစု သက်​တော်ရာ​ကျော်ရှည်ပါ​စေ 🙏

    စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အမြဲ​ပျော်ရွှင်ပါ​စေ 🙏

    အ​မေစုနှင့်တကွ မတရားဖမ်းဆီးခံအကျဥ်းသားများအားလုံး
    အမြန်ဆုံးလွတ်​မြောက်ပါ​စေ 🙏

    Freedom From Fear 💪

    ReplyDelete
  7. စစ်လို့ချစ်တာ


    ဒို့ချစ်တဲ့မိငယ်
    အရွယ်က ၇၇ နှစ်
    သူပေးခဲ့တဲ့မေတ္တာက အစစ်

    ထို့ကြောင့် ,
    နွေးထွေးစွာတုံ့ပြန်ခံရတာ အနှစ် ...

    crd

    ReplyDelete
  8. မနက်ဖြန်တိုင်းရှင်သန်ခွင့်ရနေသေးသ၍
    မျှော်လင့်ချက်တွေက
    ပန်းတိုင်အတွက်
    လှေးကားဒစ်တွေဖြစ်ကြပါစေ

    ReplyDelete

Post a Comment

Popular posts from this blog

2021-2022

Failed State

ကိုယ့်အသက်က ကိုယ့်အလံ