Happy 77th Birthday Mother Su

.:: ! KawHmu , TwanTay , KwanChanKone ! ::.


We are Supporters !!! !!!
We must click to support!



Happy 77th Birthday Mother Su

-----------------------------------------------



လူယုတ်မာ လက်တစ်ဆုပ်စာအောက်

ဘယ်တော့မှ ဒူးမထောက်ခဲ့တဲ့ "အမေ"



ပြည်သူအတွက် အရေးဆို

"ပြည်သူသာ အဓိက"

"ပြည်သူသာ ပဓာန"

ဘဝရဲ့ အချိန်တွေကို ပေးဆပ်

အိုမင်းခဲ့တဲ့ အားလုံးရဲ့ "အမေ"



အသက်အရွယ်ပြောင်း

ဇရာ ညောင်းလည်း

မမောတမ်း မပန်းတမ်း

ဒီမို ပန်းတိုင် လျှောက်လှမ်းဆဲမို



ဗေဒါပျံ အံကိုခဲ

သူမဟာ ပန်းပန်နေဆဲ

မကြောက်တရား တေးကဗျာ

မီးလျှံထဲက ကြာ ....

အလျှံငြီးငြီး စစ်မိစ္ဆာ

မီးတောက်တွေ ဘယ်တော့မှ မဝါးမျိုနိုင်တဲ့ "ကြာ"



အမေ အပြန်လမ်း

ပန်ဖို ပန်းတွေ

ကျွန်တော် တိုတွေ

ခူးနေတုန်းပါ "အမေ"



ကျွန်တော်တိုရဲ့ အမေ

သက်တော်ရာကျော် ရှည်ပါစေ

ကျန်းကျန်းမာမာ ရှိပါစေ

မတရားချုပ်နှောင် လွတ်မြောက်ပါ‌စေ



/ငရာ/



Clickers များ အောင်မြင်ပါပီ..ဗျာ...

🍁ကော့မှူး တွံတေးမှ ကွမ်းခြံကုန်း မှ အလေးနီပြုပါတရ်ခင်ဗျာ🍁

🍁🍁Thanks For Clicking🍁🍁

🍁🍁🍁အရေးတော်ပုံအောင်ရမည်🍁🍁🍁


Feb 1 - Never Forget, Never Forgive.

Fu*k Military Coup.

Comments

  1. Happy birthday ပါ
    သက်တော်ရာကျော်ရှည်ပါစေ
    🙏🙏🙏

    ReplyDelete
  2. တစ်ခါလွမ်းလို့
    တစ်ပွင့်ပွင့်မယ်ဆိုရင်
    တစ်လောကလုံး
    ပန်းတွေနဲ့ဖုံးသွားလိမ့်မယ် ။

    ငါလွမ်းတာ
    လောကကြီးလောက် ။

    ငါချစ်တာ
    ကမ္ဘာကြီးလောက် ။

    ငါမြတ်နိုးတာ
    စင်္ကြာဝဠာကြီးလောက် ။

    ဘာကြောင့် ...
    လွမ်းတာလဲ ။

    ဘာကြောင့် ...
    ချစ်တာလဲ ။

    ဘာကြောင့် ...
    မြတ်နိုးတာလဲ ။

    လာကြ ...
    ငါပြောပြချင်တယ် ။

    သမီးတစ်ယောက်အနေနဲ့
    အဖေကိုလည်း
    ပေးဆပ်ပြီးပြီတဲ့ ။

    ဇနီးတစ်ယောက်အနေနဲ့
    ခင်ပွန်းကိုလည်း
    စွန့်လွှတ်ပြီးပြီတဲ့ ...။

    အမေတစ်ယောက်အနေနဲ့
    သားနှစ်ယောက်ကိုလည်း
    ခွဲခွါပြီးပြီတဲ့ ...။

    မိန်မသားတစ်ယောက်အနေနဲ့
    လွတ်လပ်မှု့တွေကိုလည်း
    စွန့်လွှတ်ပြီးပြီတဲ့ ...။

    ကိုင်း ...
    နောက်ထပ်ဘာတွေများ
    ပေးဆပ်
    စွန့်လွှတ်
    ခွဲခွါနေရဦးမှာလဲ ။

    ထို့ကြောင့် ...
    အမေဟုခေါ်သည် ။

    အမေ ။

    အမေတစ်ယောက်လိုလည်းချစ်တယ် ။

    ခေါင်းဆောင်ကောင်းတစ်ယောက်လိုလည်း
    တန်ဖိုးထားတယ် ။

    သခင်တစ်ယောက်လိုလည်းမြတ်နိုးတယ် ။

    ဒါကြောင့် ...
    လွမ်းတယ်
    ချစ်တယ်
    မြတ်နိုးတယ်
    တန်ဖိုးထားတယ် ။

    မေမေ
    နေကောင်းနေရဲ့လားမေမေ

    မောင်စိန်ဝင်း(ပုတီးကုန်း)

    ReplyDelete
  3. သမီးတို့နိုင်တော့မှာပါ မေမေ
    ကျန်းမာပါစေ🙏🙏🙏

    ReplyDelete
  4. WHEEL..............DOPE.🏹🏹🏹

    ReplyDelete
  5. တစ်ခုတည်းသော ဆု
    ကျန်းမာပါစေအမေ..
    ကျန်းမာနေ‌ပေးပါ 🙏

    ReplyDelete
  6. Happy 77th Birthday Our Leader Mother Su ❤

    အ​မေစု သက်​တော်ရာ​ကျော်ရှည်ပါ​စေ 🙏

    စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အမြဲ​ပျော်ရွှင်ပါ​စေ 🙏

    အ​မေစုနှင့်တကွ မတရားဖမ်းဆီးခံအကျဥ်းသားများအားလုံး
    အမြန်ဆုံးလွတ်​မြောက်ပါ​စေ 🙏

    Freedom From Fear 💪

    ReplyDelete
  7. အမေစု ကျန်းမာပါစေ

    ReplyDelete

Post a Comment

Popular posts from this blog

2021-2022

Failed State

ကိုယ့်အသက်က ကိုယ့်အလံ