ငါတို့သမိုင်း

.:: ! KawHmu , TwanTay , KwanChanKone ! ::.


We are Supporters !!! !!!
We must click to support!



"ငါတို့သမိုင်း"


သူငယ်ချင်း
မင်းလက်ပေါ် မီးပွားကျတော့
ငါ့မှာလဲ ပူလောင်ရပါတယ်
မင်းဟာ ငါ
ငါဟာ မင်း
ဖြစ်နေလို့ပဲ

ဒီမြေမှာမွေး
ဒီရေကိုသောက်
ဒီမြေကို ကျေးဇူးကန်းလို့
အမိမြေကို
ချနင်းဖို့ကြိုးစားတဲ့
စစ်အာဏာရှင်
က္ဈန်သဘောက်တွေက
မင်းကို
ရိုက်နှက်နှိပ်စက်တော့
ငါ့မှာလဲ
နာကျင်ရပါတယ်
သူငယ်ချင်း

စစ်က္ဈန်တွေက
ထောင်ချလိုက်လို့
အပြင်လောကနဲ့
အဆက်ပြတ်သွားပေမယ့်
မင်းရင်ထဲက
တော်လှန်လိုစိတ်
အာခံလိုစိတ်
စစ်က္ဈန်မခံစိတ်တွေကို
မြင်နေ ကြားနေရပါတယ်
သူငယ်ချင်း

စစ်ခွေးတွေသတ်လို့
အသက်မရှိတော့ပေမယ့်
မင်းရဲ့ ဝိဥာဉ်ထဲမှာ
စစ်အာဏာရှင်တွေကို
တော်လှန်လိုစိတ်
အာခံလိုစိတ်
စစ်က္ဈန်မခံစိတ်
အမုန်း အာဃာတမီးတွေကတော့
အလျှံတညီးညီးပါ
သူငယ်ချင်း

မင်းခံစားရသမျှ
ငါတို့လဲ
ခံစားရပါတယ်
သူငယ်ချင်း
မင်းကို
မကယ်လိုက်နိုင်တဲ့အတွက်
ငါတို့မှာ
ဝမ်းနည်းယူကျုံးမရစိတ်နဲ့
အရမ်းကို
ပူလောင်နာကျင်ရပါတယ်

မင်းကို
လာမကယ်နိုင်တဲ့အတွက်
ခွင့်လွှတ်ပါလို့
မတောင်းဆိုချင်ပေမယ့်
အပြစ်တော့
မမြင်စေချင်ဘူး
သူငယ်ချင်း

ငါတို့မှာ
အမိမြေကို
ကယ်တင်ဖို့
ဆက်လက်တိုက်ပွဲ
ဆင်နွှဲရဦးမယ်
မဟုတ်လား

အို
နွေဦးတော်လှန်ရေးမှာ
အသက်ပေးခဲ့ရတဲ့
သူရဲကောင်း အပေါင်းတို့
သင်တို့ရဲ့
အရိုးများ
တွန်ချိန်ရောက်ပါပြီ
ထ လော့
ကြွလော့
စစ်အာဏာရှင်ကို
ပုန်ကန်ကြလော့
က္ဈန်ုပ်တို့၏တော်လှန်ရေးသည်
ကောက်ရိုးမီးမဟုတ်ကြောင်း
ပြကြလော့

စစ်အာဏာရှင်
ချုပ်ငြိမ်းမှသာ
မင်းတို့ရဲ့ဝိဥာဉ်တွေ
မင်းတို့ရဲ့သားမြေးတွေ
ငြိမ်းချမ်းကြရမှာမို့
ထကြလော့
ကြွကြလော့
အမိမြေပေါ်က
အာဏာရှင်ကို
ကျူပင်ခုတ်
ကျူငုတ်မကျန်အောင်
သုတ်သင်ရှင်းလင်းကြလော့

ဒါဟာ
ငါတို့ သမိုင်း
မရိုင်းစေရ။
အရေးတော်ပုံ
အောင်ကို အောင်ရမယ်


Myo Win/ကိုယ်တိုင်ရေး (16-05-2021)



Clickers များ အောင်မြင်ပါပီ..ဗျာ...

🍁ကော့မှူး တွံတေးမှ ကွမ်းခြံကုန်း မှ အလေးနီပြုပါတရ်ခင်ဗျာ🍁

🍁🍁Thanks For Clicking🍁🍁

🍁🍁🍁အရေးတော်ပုံအောင်ရမည်🍁🍁🍁


Feb 1 - Never Forget, Never Forgive.

Fu*k Military Coup.

Comments

  1. စကားလုံးတွေ တိတ်ဆိတ်သွားတယ်ဆိုပေမယ့်လည်း
    ရင်ထဲမှာ ဖော်မြူလာမလိုဘဲ
    အစီအစဉ်လိုက် ထိခိုက်ကွဲနေတဲ့
    ဗုံးတွေမှ အများကြီး …

    ➣လူအ

    ReplyDelete
    Replies
    1. ဂစ်တာကို ဘယ်လက်နဲ့တီး
      ပြီးရင် သေနတ်မောင်းကို ညာလက်နဲ့ဖြုတ်
      လူငယ်ဘဝရဲ့ အနှစ်ချုပ်ကတော့
      ဒီလောက်ပါပဲ
      အလံတော်ကြီးအောက်မှာပဲ
      ငါတိုဂစ်တာတွေကို ထားရစ်ခဲ့တယ်
      ငါတိုဘဝတွေကိုတော့
      သဲပူပူထဲက လိပ်ဥများပမာ
      လက်ကြီးတစ်ဖက်က နှိက်ယူသွားခဲ့တယ်
      သင်၏ အဖဘုရားသခင် နိုင်ငံတော်။
      ...........................................အောင်ခင်မြင့်

      Delete
    2. This comment has been removed by the author.

      Delete
  2. အရမ်းကောင်းတယ်

    ReplyDelete
  3. ငါတို့နိုင်မှာ အသေချာပဲ
    ဆက်လက်ချီတက်ကြမယ်
    ✊✊✊

    ReplyDelete
  4. အေရးေတာ်ပုံေအာင်ရမည်🌹

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. အရေးတော်ပုံ
    အောင်ကို အောင်ရမယ်✊

    ReplyDelete
  7. WHEEL..............DOPE.🏹🏹🏹

    ReplyDelete
  8. Till the end
    Fighting together 💪

    ReplyDelete

Post a Comment

Popular posts from this blog

ငရဲတွင်းထဲ

ပျော် ရွှင် ပါ စေ

လာပါ...ပြည်သူ