လွတ်လွတ်လပ်လပ် ပျံသန်းပါ

.:: ! KawHmu and TwanTay ! ::.


We are Supporters !!! !!!
We must click to support!



လွတ်လွတ်လပ်လပ် ပျံသန်းပါ
---------------------


တစ်ခါ မှားရင် ပြောပြရမယ်

နှစ်ခါ မှားရင် ခွင့်လွတ်ရမယ်

သုံးခါ မှားရင် စွန့်လွတ်ရမယ်


ထပ်ထပ်မှားလို့

ထပ်ထပ်ခွင့်လွတ်နေရင်

ထပ်ထပ်နာကျင်နေရတတ်တယ်


ဘဝ နောက်ဆုံးအချိန်တွေထိ

ပျော်ရွှင်ခြင်းတွေနဲ့

အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းချင်တယ် ဆိုရင်


ခွင့်လွှတ်စရာရှိရင် ခွင့်လွတ်လိုက်ပါ

စွန့်လွှတ်စရာရှိရင် စွန့်လွှတ်လိုက်ပါ


အဲ့ဒီ ခွင့်လွှတ်ခြင်း,

စွန့်လွှတ်ခြင်းတွေထဲမှာ

လွတ်လပ်ခြင်းတွေရှိတယ်


လွတ်လပ်ခြင်းတွေ ရှိ လေလေ

အနှောင်အဖွဲ့တွေ ကင်း လေလေပါပဲ


San Zuren 🌸


Clickers များ အောင်မြင်ပါပီ..ဗျာ...

🍁ကော့မှူး တွံတေး ကွမ်းခြံကုန်း မှ အလေးပြုပါတရ်ခင်ဗျာ🍁

🍁🍁Thanks For Clicking🍁🍁

🍁🍁🍁အရေးတော်ပုံအောင်ရမည်🍁🍁🍁


Feb 1 - Never Forget, Never Forgive.

Fu*k Military Coup.

Comments

  1. "ယုံကြည်ရာ လမ်းကြောင်းတိုင်းပျံသန်းတဲ့ခရီးမှာ
    ကံဆိုတာကောင်းဖို့ စိတ်ကောင်းလေးထား" ခုလောလောဆယ် ဆိုညည်းဖြစ်နေတဲ့ သီချင်းလေး
    #Byu Har & Yar Za Win

    ReplyDelete
    Replies
    1. မျိုးကြီးရဲ့ အလင်းမဲ့ ဝိညဏ် နားထောင်ကြည့်

      Delete
  2. ၂၀၀၈ / ၂၀၂၂
    -------------------------------

    အချိုက ပင်လယ်သွား အပန်းဖြေတယ်
    အချိုကျ ပင်လယ်က အိမ်ထဲထိဝင်လာတယ်
    ရေငံပင်လယ်မဟုတ်
    ရေသေပင်လယ်မဟုတ်
    ဒုက္ခပင်လယ်

    မတူဘူး
    စိုချင်လို စိုတဲ့ရေနဲ့
    ငိုနေရင်း စိုတဲ့ရေ ။

    အသက်ကလွဲ အရာရာစျေးကြီးတဲ့နိုင်ငံမှာ
    မုန်တိုင်းက ကျီစယ်တယ်ဆိုပေမယ့်
    ဘဝတွေ တကယ်ကြွေရတယ်

    ဘာစောက်စကားမှ များမနေနဲ့တော့
    ထီးနိုင်ငံ
    ထီးကံ
    ထီးဒုက္ခ
    ထီးသောကလိုသာ အော်အော်ဆဲလိုက်ကြ ။

    ဆန်းကျော်စွာဝင်း

    ReplyDelete
  3. 🚮🚹🚺🚻🚼🛂🛃🛄🛅

    ReplyDelete
  4. မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်

    ကြိုးစားကလစ်ကြစို့နော်

    ReplyDelete
  5. Wheel..............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog

ငရဲတွင်းထဲ

ပျော် ရွှင် ပါ စေ

လာပါ...ပြည်သူ