အာဏာသိမ်းတဲ့ ကာလများ


အချိန် ရေတွက်နေပါပြီ ...

...



San Zuren🤍



အာဏာသိမ်းတဲ့ ကာလများ 



ပျော်ရွှင်ပြရတာလည်း  စိတ်မပျော်
ချစ်ရတာလည်း  ပြောမထွက်
လွမ်းဆွေးရမှာလည်း  မခံစားမိ
စားနိုင်သောက်နိုင် ဝတ်ဆင်နိုင်တာတွေလည်း အရသာမရှိ
ပုံမှန် ရုံးတက်ရတာလည်း  စိတ်မပါ
ငါ့တကိုယ်စာ တိုးတက်ပြရမှာလည်း  
လိပ်ပြာမလုံ
ဆိုင်ထိုင်လေပွားရတာလည်း   အာရုံနောက်
Game ဆော့နေရတာလည်း  ပျင်းရိစရာ
ကြာလာတော့ လိုင်းပေါ်ကတော်လှန်ရတာလည်း
အား‌လျှော့လာ

စစ်အာဏာသိမ်းတဲ့ ကာလရဲ့ လများစွာမှာ
ခဲတစ်လုံးကို  ရေထဲပစ်လိုက်ရင်တောင် ဆက်ခုန်မသွားနိုင်တဲ့အထိ ငါ့လက်တွေလဲ အားမရှိ
ပခုံးနှစ်ဖက်ကြားခေါင်းပေါက်သူချင်း 
ရက်စက်ကြလွန်းသူတွေလဲ  မ‌မြင်ချင်

တော်လှန်ပုန်ကန် အာဏာရှင်ကို ခြေစုံကန်
အသေအကြေ ဆော်နေကြတဲ့
တော်လှန်ရေး သွေးရဲကြသူတွေကြား
ငါတိုတကိုယ်ရေစာ အဆင်ပြေမှုတွေ
ဘယ်လိုမှ  ခံစားမရ
စစ်အာဏာရှင် မျိုးမပြုတ်သ၍
ငါတိုနေ့တွေဟာ 
ရှင်လျက်အသက်နဲ့ သေနေတဲ့ဘဝထဲ
ဘာဆိုဘာမှ မသေချာ

ခုတလော မဟုတ်ပါဘူး
အတော်ကြာခဲ့ပါပြီ

ကဗျာတတ်သူက ကဗျာရေး
ငိုတတ်သူက ငိုပေး
သီချင်းညည်းသူက ညည်းပေး
မခံစားတတ်တော့သူက အသက်မဲ့စွာရယ်ပေး
ငါတိုတိုင်းပြည်လျှောက်ခဲ့တဲ့ လမ်းကလည်း 
ပန်းတိုင်ရောက်ဖို ဝေးနေသေး
အသက်တွေနဲ့ရင်းထားတဲ့ ဒီသွေးကြွေး 
ငါတိုမေ့နိုင်စရာ မရှိသေး




TOMMY,  SAN ZUREN

အချိန်ရေတွက်ပီး Clickers များ အောင်မြင်ပါပီ..ဗျာ...
🍁ကော့မှူးမှ အလေးပြုပါတရ် ခင်ဗျာ...🍁
🍁🍁Thanks For Clicking🍁🍁
🍁🍁🍁အရေးတော်ပုံအောင်ရမည်🍁🍁🍁


Comments

Popular posts from this blog

ငရဲတွင်းထဲ

ပျော် ရွှင် ပါ စေ

လာပါ...ပြည်သူ