ပြန်လင်းလာတော့မဲ့ အနှစ် ၇၀ မီးအိမ်


အချိန် ရေတွက်နေပါပြီ ...

...



San Zuren🤍 


ပြန်လင်းလာတော့မဲ့ အနှစ် ၇၀ မီးအိမ်


ဘဝတွေက တခါမှ မလှပခဲ့
ရောင်နီလေးများ သန်းလာ‌လေမလား 
မျှော်လင့်မိပေမယ့်
မှောင်မှောင်သွားနေဆဲ

တန်းတူညီမျှရေး  
တရားမျှတရေးဆိုတာ ဟာလဲ 
စာရွက်ထဲ

လူလူချင်းတူပေမယ့်
ဘဝတွေကမတူညီ
နိမ့်တလှည့် မြင့်တလှည့်ဆိုတာ
သီချင်းတွေ  ကဗျာတွေ  စာတွေထဲ  

တကယ့်လက်တွေ့မှာတော့ 
နိမ့်တဲ့ဘဝတွေ နိမ့်နေဆဲ 
မြင့်တဲ့ဘဝတွေ မြင့်နေဆဲ  

ကိုယ်ချင်းစာတရား 
တန်းတူညီမျှတရား‌တွေလဲ ပျောက်နေဆဲ

မဝေးတော့သော အနာဂတ်မှာ 
ရောက်များလာမလား မျှော်လင့်ဆဲ

အနှစ် ၇၀ မှောင်နေတဲ့ မီးအိမ်လေး ထွန်းတောက်လာ‌လေမလား 
မျှော်လင့်ရင်းနဲ့  ရှင်သန်ဖို ကြိုးစား‌နေဆဲ...


အချိန်ရေတွက်ပီး Clickers များ အောင်မြင်ပါပီ..ဗျာ...
🍁ကော့မှူးမှ အလေးပြုပါတရ် ခင်ဗျာ...🍁
🍁🍁Thanks For Clicking🍁🍁
🍁🍁🍁အရေးတော်ပုံအောင်ရမည်🍁🍁🍁


Comments

Popular posts from this blog

ငရဲတွင်းထဲ

ပျော် ရွှင် ပါ စေ

လာပါ...ပြည်သူ